ကျွန်ုပ်တို့အကြောင်း

ကျားနှင့်နေ အမှတ်တံဆိပ် ဝုန်းဝမ်းတိုင်းရင်းဆေးတိုက်
"ဝုန်းဝမ်း" တိုင်းရင်းဆေးတိုက်ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဒေသ၌ (၁၉၈၂) ခုနှစ်တွင် တိုင်းရင်းဆေးသမားတော်ကြီး "ဦးတန်းကေး" မှ စတင်တည်ထောင်ခဲ့ပါသည်။
သမားတော်ကြီး ဦးတန်းကေးသည် တိုင်းရင်းဆေးသမားတော်အဖြစ်နှင့် သျှမ်းစာပေပညာရှင်အဖြစ် ချီးမြှင့်ခြင်းခံရပြီး သျှမ်းလူမျိုးအသိုင်းအဝိုင်းရှိ ရဟန်းသံဃာ ပြည်သူများ၏ လေးစားကြည်ညိုခြင်းကို ခံခဲ့ရသူ ဖြစ်ပါသည်။
ပညာရှာဖွေခြင်းနှင့် မျှဝေခြင်း
အစိုးရမှ ဖွဲ့စည်းသော တိုင်းရင်းဆေးဝါးသမားတော်ကြီးများအသင်းတွင် ပါဝင်ခဲ့ပြီး (၁၉၉၄) ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၏ ဖိတ်ကြားမှုဖြင့် တိုကျိုတက္ကသိုလ်တွင် သျှမ်းစာပေသင်တန်း (၃) လ သွားရောက်ပို့ချခဲ့ပါသည်။
ချီးမြှင့်ဂုဏ်ပြုခံရမှုများ
(၂၀၀၀) ပြည့်နှစ် — ရန်ကုန်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက "ရက္ခိတ ဂေါဝိဒ ကဝိ" သျှမ်းစာပေပညာရှင်ဘွဲ့ ချီးမြှင့်ခဲ့ပါသည်။
(၂၀၀၄) ခုနှစ် — မူဆယ်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ဘွဲ့ထူး ချီးမြှင့်ခဲ့ပါသည်။
(၂၀၀၈) ခုနှစ် — ပင်လောင်းမြို့ ပရိယတ္တိသဒ္ဓမ္မပါလစာသင်တိုက် ရွှေရတုပွဲတွင် သျှမ်းဆေးပညာ သမားတော်ဘွဲ့ ထပ်မံချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
ယနေ့တိုင် ဂရုတစိုက် ထုတ်လုပ်ဆဲ
"ဝုန်းဝမ်း" တိုင်းရင်းဆေးတိုက်မှ တိုင်းရင်းဆေးစွမ်းကောင်းများကို စစ်မှန်ကောင်းမွန်သော ဆေးဖက်ဝင် သဘာဝဆေးမြစ်၊ သစ်ဥ၊ သစ်ခေါက်များဖြင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ စီမံဖော်စပ်ထားပြီး မြန်မာပြည်တစ်ခွင် ဖြန့်ချိလျက်ရှိပါသည်။
![]() | ![]() |
![]() | ![]() |
အိမ်တိုင်းမရှိမဖြစ် ဆေးစွမ်းကောင်းတလက် — ရန်ကုန်မဟာဖြေဆေး
ဝုန်းဝမ်း · ရန်ကုန်



