၂၀၁၂ ခုနှစ်တွင် ဝုန်းဝမ်းမိသားစုနှင့် မိတ်ဆွေများသည် ကျောက်မြောင်း၊ ဓမ္မဝိဟာရလမ်း၌ နံနက်စောစော စုဝေးကာ ရဟန်းသံဃာတော်များနှင့် သီလရှင်များအား အာရုံဆွမ်းလောင်း လှူဒါန်းခဲ့ကြပါသည်။

ဆေးဝါးထုပ်များ ပြင်ဆင်ခြင်း
ဆွမ်းလောင်းမည့်အချိန်မတိုင်မီ ကျွန်ုပ်တို့အဖွဲ့မှ မဟာဖြေဆေးနှင့် ရှမ်းမလေးဆေးများ အပါအဝင် ဝုန်းဝမ်းဆေးဝါးများကို အထုပ်များအဖြစ် ထုပ်ပိုး ပြင်ဆင်ခဲ့ပါသည်။

အာရုံဆွမ်းလောင်း လှူဒါန်းခြင်း
ရဟန်းသံဃာတော်များနှင့် သီလရှင်များ တန်းစီကြွချီလာချိန်တွင် မိသားစုဝင်များက ဆွမ်းနှင့် ဆေးဝါးထုပ်များကို ရိုသေစွာ ကပ်လှူခဲ့ကြပါသည်။ လာရောက်ကြသော ရပ်ကွက်နေ မိသားစုများကိုလည်း ဆေးဝါးထုပ်များ ဝေငှပေးခဲ့ပါသည်။


ဆက်လက်ထိန်းသိမ်းမည့် ဓလေ့
သံဃာတော်များအား ဆေးဝါး ကပ်လှူခြင်းသည် ဝုန်းဝမ်းမှ အစဉ်တစိုက် ပြုလုပ်လာခဲ့သော ကုသိုလ်ကောင်းမှု တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်မှုသည် တရားအားထုတ်ရာတွင် အထောက်အကူပြုသောကြောင့် ကျွန်ုပ်တို့၏ ရိုးရာဆေးဝါးများ ပါဝင်ကူညီနိုင်သည့်အတွက် ဝမ်းမြောက်မိပါသည်။

