မဟာချောင်းဆိုးပျောက်ဆေး

ဆေးအကြောင်း အသေးစိတ်
အညွှန်း
ချောင်းဆိုး၊ ရင်ကြပ်၊ ချွဲသလိပ်ကပ်ခြင်း၊ အအေးမိခြင်းများအတွက် သောက်သုံးနိုင်ပါသည်။ အပူချောင်းဆိုး၊ အအေးချောင်းဆိုး၊ ရေချိုးမှား၊ မိုးမိ၊ ရာသီဥတုဖောက်ပြန်၍ အအေးမိခြင်း၊ နှာစေး၊ လည်ချောင်းနာ၊ အသံဝင်ခြင်းများအတွက်လည်း သုံးစွဲနိုင်ပါသည်။
ဆေး (၂) မျိုး
ဆေးပြားနှင့် ဆေးမှုန့် (၂) မျိုး ထုတ်လုပ်ထားပါသည်။
သုံးစွဲနည်း
ဆေးပြားတစ်ပြား သို့မဟုတ် ဆေးမှုန့် မန်ကျည်းစေ့ (၁) စေ့ခန့်ကို ငုံထားပြီး တဖြည်းဖြည်း အရည်မျိုချပါ။ ရေနွေး၊ ကွမ်းရွက်ရည်၊ ဂျင်းပြုတ်ရည်၊ သံပုရာရည်များနှင့် ရောလဲ၍လည်း သောက်နိုင်ပါသည်။ ချောင်းတအားဆိုးလျှင် ကွမ်းရွက် (၁) ရွက်ကို ချေပြီး ရေနွေးပူပူဖြင့်စိမ်၍ ဤဆေးနှင့် သောက်ပါ။ သို့မဟုတ် သံပုရာရည်၊ ပျားရည်နှင့် ဆေးမှုန့်ကို ရောသောက်ပါ။ ရက်ပိုင်း လပိုင်း ကလေးငယ်များကို ရေနှင့်ဖျော်ပြီး အရည်ကြည်ကို တိုက်ပေးနိုင်ပါသည်။ မသုံးမီ ဆေးညွှန်းစာကို ဖတ်ရှုပါ။
မိသားစုအားလုံးအတွက်
အသက်အရွယ် ကြီးငယ်မရွေး၊ ကိုယ်ဝန်သည်၊ မီးနေသည်၊ ဥပုသ်သည်၊ သီလရှင်နှင့် ရဟန်းသံဃာတော်များလည်း အချိန်မရွေး သုံးဆောင်နိုင်ပါသည်။