မီနူး

ရန်ကုန်မဟာဖြေဆေး (ဘူးခွံပါ)

ရန်ကုန်မဟာဖြေဆေး (ဘူးခွံပါ)
အစာကြေ၊ ဝမ်းဗိုက်

အိမ်တိုင်းမရှိမဖြစ် ဆေးစွမ်းကောင်းတစ်လက်။

အသုံးပြုရန်
ဝမ်းဗိုက်မအီမသာ၊ ဗိုက်နာ၊ ရင်ပြည့်ရင်ကယ်နှင့် ဝမ်းပျက်ဝမ်းလျှော ဝေဒနာများ။
ပုံစံ
ဆေးဗူး · ဘူးခွံ
မေးမြန်းရန်

ဆေးအကြောင်း အသေးစိတ်

မဟာဖြေဆေးကြီး

အစာစားများ၊ အစာအဆိပ်ဖြစ်ခြင်း၊ ဝမ်းသွားဝမ်းရစ်၊ ဗိုက်နာ ဗိုက်အောင့်၊ ဝမ်းဖောဝမ်းရောင်၊ အော့အန် အစာမကြေနှင့် လေရောဂါအမျိုးမျိုးကို ဆေးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်းအထိ ရေနွေးနှင့်သောက်ပါ။ အစာအဟာရ စားပြီးတိုင်း ဆေး ၁ ဇွန်း သောက်ပေးပါက ဝမ်းဖောဝမ်းရောင်ကင်းပြီး နေသာထိုင်သာရှိပါမည်။ အထက်လန်အောက်လျှော ဖြစ်လျှင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်ပါ။ ဆေးသောက်ပြီး ထပ်အန်လျှင် မကြောက်ပါနှင့်၊ ဗိုက်ထဲရှိ မကောင်းသော အဆိပ်အတောက်များကို မွှေနှောက်ပြီး ပြန်ထုတ်ပစ်ခြင်း ဖြစ်သည်။ ဆေးနောက်ထပ်သောက်ပါ (၃) ခွက်အထိ ဆက်သောက်နိုင်ပါသည်။ ဆေးများလျှင်လည်း အန္တရာယ်မရှိပါ။

အရက်ကြိုက်တတ်သူများ အသောက်လွန်၍ အော့အန်လျှင် ဆေး ၂ ဇွန်း သောက်ပါ။ ချက်ချင်းလက်ငင်း သက်သာပါသည်။ အရက်ကြောင့် မနက်အိပ်ယာထချိန် ခေါင်းကိုက် ဇက်လေးနေလျှင် ဆေး ၂ ဇွန်း သောက်ပါ။ မိနစ်ပိုင်းအတွင်း သက်သာပါသည်။ ယားနာအမျိုးမျိုးနှင့် အင်ပြင်ရောဂါအတွက် ဆေးကို ရေနှင့်ဖျော်၍ သောက်လည်းသောက် လိမ်းလည်းလိမ်းပါ။ ကိုယ်ဝန်ဆောင်နှင့် မီးနေသည်များလည်း မှီဝဲနိုင်ပါသည်။ ကြက်၊ ဝက်၊ ကျွဲ၊ နွား၊ ခွေး၊ ကြောင်များ အစာအဆိပ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းများကို ဤဆေးတိုက်ခြင်းဖြင့် အသက်ကယ်တင်နိုင်ပါသည်။ ခရီးသွားသူများ လမ်းခရီးတွင် တွေ့ရာကြုံရာ စားရသဖြင့် အစာအဆိပ်သင့်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းကို ကာကွယ်ကုသရန် ဤဆေးကို ဆောင်ထားသင့်ပါသည်။ အိမ်တိုင်းလည်း ဆောင်ထားရမည့် ဆေးစွမ်းကောင်း ဖြစ်ပါသည်။

ဆေးသောက်ပြီးတိုင်း အဖုံးကို လုံအောင်ပိတ်၍ အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။

ပင်ရင်း – ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ အမှတ် (E-1)၊ နှင်းချယ်ရီလမ်းသွယ် (၂)၊ နှင်းဥယျာဉ်အိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉ ၅၂၆၁၀၆၄၊ ၀၉ ၇၈၀၀၃၂၇၂၅

ပင်ရင်းဌာနခွဲ – အမှတ် (၁၄)၊ ဒေလီယာလမ်း၊ ရပ်ကွက် (၃)၊ နယ်မြေ (၁)၊ လားရှိုးမြို့။ ဖုန်း – ၀၉ ၄၁၀၀၀၃၇၈၊ ၀၈၂ ၂၂၈၃၆