မီနူး

ရန်ကုန်မဟာဖြေဆေး (စက္ကူထုပ်)

ရန်ကုန်မဟာဖြေဆေး (စက္ကူထုပ်)
အစာကြေ၊ ဝမ်းဗိုက်

ကျားနှင့်နေ မဟာဖြေဆေးကို သယ်ဆောင်ရလွယ်ကူသော စက္ကူထုပ်ဖြင့်။

အသုံးပြုရန်
အစာမကြေ၊ ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်နာဗိုက်အောင့်နှင့် အထက်လှန်အောက်လျှော။
ပုံစံ
စက္ကူထုပ်ငယ်
မေးမြန်းရန်

ဆေးအကြောင်း အသေးစိတ်

အညွှန်း

အစာစားပြီး ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်၊ ဗိုက်နာဗိုက်အောင့်၊ အစာအဆီပိတ်ဖြစ်ခြင်း၊ အထက်လှန်အောက်လျှော၊ အရက်အမူးလွန်ခြင်းများကို ပျောက်ကင်းနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် မီးနေသည်များလည်း သောက်သုံးနိုင်ပါသည်။

သယ်ဆောင်ရလွယ်ကူခြင်း

စက္ကူထုပ်ငယ်များဖြစ်၍ ပေါ့ပါးပြီး လက်ကိုင်အိတ်၊ ကားနှင့် ခရီးဆောင်အိတ်ထဲ ထည့်ဆောင်ထားနိုင်ပါသည်။ အစားအသောက်နှင့် ရေပြောင်းလဲတတ်သော ခရီးသွားရာတွင် အထူးအသုံးဝင်ပါသည်။

သုံးစွဲနည်း

ဆေးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်းအထိ ရေနွေးနှင့် သောက်ပါ။ အစာစားပြီးတိုင်း ဆေး ၁ ဇွန်း သောက်ပေးပါက ဝမ်းဖောဝမ်းရောင် ကင်းပါမည်။ အထက်လှန်အောက်လျှော ဖြစ်လျှင် ၂ ဇွန်း သောက်ပါ။ လိုအပ်ပါက (၃) ခွက်အထိ ဆက်သောက်နိုင်ပါသည်။ မသုံးမီ ဆေးညွှန်းစာကို ဖတ်ရှုပါ။

သိမ်းဆည်းပုံ

ဆေးသောက်ပြီးတိုင်း လုံအောင်ပိတ်၍ အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။